Responsive Ad Slot

Latest

Total Pageviews

Sports

Breaking NEWS

Ads

ဆောင်းပါး

Opinion

Lifestyle

Celebrity

Funny

ကား/ဆိုင်ကယ်တိုင်း တပ်ထားသင့်တဲ့ Myan Track Pro - Multi-Functions GPS Tracker

Posted on Monday, January 2, 2017 No comments

ကား/ဆိုင်ကယ် ပျောက်မှာ စိုးရိမ်နေတဲ့ ကား/ဆိုင်ကယ် ပိုင်ရှင်တွေ၊ ကားအများကြီးကို ထိန်းချုပ်ရတဲ့ ကုမ္ပဏီတွေ၊ သား/သမီးတွေ ဘယ်သွား၊ ဘယ်လာတယ်ဆိုတာ သိချင်တဲ့ မိဘအုပ်ထိန်းသူတွေအတွက် တန်ဖိုးနည်းပြီး Function စုံလင်စိတ်ချရတဲ့ ပစ္စည်းလေးတစ်ခုကို တပ်ဆင်ထားရုံနဲ့ စိတ်အေးရပါပြီ...

Q - MyanTrackPro ဆိုတာ ဘာလဲ
A - ကား၊ ဆိုင်ကယ်နဲ့ ရွှေ့လျားနေတဲ့ ယာဉ်တွေမှာ တပ်ဆင်အသုံးပြုရတဲ့ Electronic Device လေး တစ်ခုပါ။

Q - တပ်ထားပီး ဘာတွေလုပ်လို့ ရလဲ
A - တပ်ထားတဲ့ ယာဉ် ဘယ်နားရောက်နေလဲဆိုတာကို ၂၄နာရီလုံး အင်တာနက် ဒါမှမဟုတ် Phone Message ကနေ ကြည့်လို့ ရနေမှာပါ။

Q - အထဲမှာ ဖုန်းကဒ် ထည့်ထားဖို့ လိုသလား
A - ဖုန်းကဒ် ထည့်ထားရမယ့်အပြင် ဖုန်းကဒ်မှာလဲ ဘေလ်ရှိနေရမှာပါ။

Q - ဖုန်းဘေလ် ကုန်တာ မြန်သလား
A - ပုံမှန် အင်တာနက်က ကြည့်ဖို့အတွက်က တစ်လကို ၁ ထောင်လောက်ပဲ ကုန်မှာပါ။ Phone Message တွေ သုံးမယ်ဆိုရင်တော့ ပုံမှန်ထက် ပိုပီး အကုန်အကျ များပါလိမ့်မယ်။

Q - ဘယ် ဖုန်းကဒ်တွေ သုံးလို့ ရသလဲ
A - 2G Internet ရတဲ့ ဘယ်ဖုန်းကဒ်ကို မဆို အသုံးပြုနိုင်ပါတယ်။ (ဥပမာ Telenor နဲ့ MPT ပါ။ Ooredoo ကို အသုံးပြုလို့ မရနိုင်ပါ။ )

Q - ဖုန်းနဲ့ တက်ပလက်တွေပေါ်က ကြည့်လို့ ရသလား
A - Android နဲ့ iOS အတွက် Application တွေရှိပါတယ်။ အဲဒီပေါ်မှာ ကြည့်လို့ ရပါတယ်။
..
Tracker Device အသုံးပြုနေတဲ့ မိတ်ဆွေများအတွက်
Computer ကနေ Browser သုံးပီး ကြည့်ချင်တယ်ဆိုရင်
.
http://gps.myantrackpro.com/ ကိုသွားပီး
Username Password ရိုက်ထည့်ပီး သုံးနိုင်ပါတယ်ခင်ဗျာ
.
တစ်ကယ်လို့များ ဖုန်းပေါ်ကနေ ကြည့်ချင်တယ်ဆိုရင်တော့
Android Phone တွေအတွက်
ကို ဒေါင်းပီး ကြည့်နိုင်ပါတယ်
iOS အသုံးပြုတဲ့ iPhone, iPad အတွက် ဆိုရင်တော့
ကိုသွားပီး iTune Store ကနေ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ

Q - ကွန်ပျူတာကနေကြည့်ရင်ရော ဘာတွေ ထူးလာမှာလဲ
A - ကားတစ်စီးချင်းရဲ့ မောင်းနှင်ခဲ့တဲ့လမ်းကြောင်း၊ မောင်းနှင်နေတဲ့လမ်းကြောင်း၊ မောင်းချိန်၊ ရပ်ချိန်၊ စက်နှိုးထားချိန် စတဲ့ အသေးစိတ် Report တွေ ကြည့်လို့ ရနိုင်ပါတယ်။


နမူနာကို https://goo.gl/4Z6hvL မှာကြည့်နိုင်ပါတယ်...

Q - ကားတစ်စီးကို အကောင့်တစ်ခုနဲ့ ကြည့်ရမှာလား
A - အကောင့်တစ်ခုထဲမှာတင် ယာဉ်အားလုံးကို ကြည့်နိုင်တာ ဖြစ်လို့ အကောင့် အများကြီး မလိုပါဘူး။

Q - ၂၄ ဗို့သုံးတဲ့ ကားကြီးတွေနဲ့ ဘက်ထရီဆိုင်ကယ်တွေမှာ တပ်လို့ ရလား
A - ၁၂ဗို့ကနေ ၈၀ဗို့အထိ သုံးလို့ ရတာဖြစ်တဲ့အတွက် ကားကြီးကားလေး အကုန် တပ်လို့ ရပါတယ်။ ဘက်ထရီဆိုင်ကယ်တွေအတွက်ကတော့ မီးထွန်းတဲ့ လိုင်းကကြိုးကို ယူတပ်လို့ ရပါတယ်။

Q - ဈေးကရော ဘယ်လောက်လဲ
A - လက်လီဈေး တစ်ခုကို ငါးသောင်းခွဲပါ။

Q - တပ်ဆင်ရတာလွယ်ကူလား
A - အရမ်းကို လွယ်ကူ ရိုးရှင်းပါတယ်။ စုစုပေါင်း ကြိုး ၄ ချောင်းပဲ ပါတာပါ။
အနီနဲ့ အနက်က ဘက်ထရီရဲ့ အပေါင်းနဲ့ အနှုတ်ကို တပ်လိုက်ရင် ရပါပီ။
လိမ္မော်ရောင်ကြိုးကတော့ ကား/ဆိုင်ကယ် စက်နှိုးထားလား မနှိုးထားလား သိရအောင် သော့ဖွင့်တဲ့ ကြိုးကနေ တပ်ယုံပါပဲ။
အဝါရောင်ကြိုးက Basic Package မှာ မသုံးပါဘူးခင်ဗျာ။ Advance Package တွေမှာ သုံးတဲ့ ကားစက်ရပ်တဲ့ Function ကို သုံးဖို့အတွက်ပါ။
ကိုယ်တိုင် မတပ်ချင်တဲ့သူများအတွက် ဒီပုံလေးကို ဝါယာရင်း ဆရာကို ပြလိုက်တာနဲ့ သူတို့ ကောင်းကောင်း သိပါပီ။




Q - ဘယ်လို Setup လုပ်ရမလဲ
A - ပစ္စည်းကို ကား/ဆိုင်ကယ်တွေမှာ တပ်ပြီးသွားရင် ဖုန်းတစ်လုံးနဲ့ Message Code တွေပို့ပြီး Setup လုပ်လို့ရပါတယ်.. Setup လုပ်နည်း ကတော့ https://goo.gl/fTiuUv မှာ ကြည့်နိုင်ပါတယ်.. ဒါမှမဟုတ် http://pc.cd/cn4otalK မှာ pdf ဒေါင်းပြီးကြည့်နိုင်ပါတယ်..

Q - History ကို ဘယ်လောက်ထိ ပြန်ကြည့်နိုင်မှာလဲ.
A - တကယ့်အသွားအလာများတဲ့ ကားတွေကတော့ လွန်ခဲ့တဲ့ ၂ လလောက်ထိ History ကို ပြန်ကြည့်နိုင်မှာဖြစ်ပြီး သာမန် အိမ်သုံးကားတွေကတော့ လွန်ခဲ့တဲ့ ၆ လလောက်ထိ History ကို ပြန်ကြည့်နိုင်ပါတယ်...

Q - အာမခံရှိသလား။ ပျက်ရင် ဘယ်လိုလုပ်ပေးမှာလဲ။
A - အာမခံသက်တမ်း တစ်နှစ်ပေးထားပါတယ်။ ထုတ်လုပ်မှုအမှားကြောင့် ပျက်စီးမှုအားလုံးကို တစ်နှစ်အတွင်း အသစ်တစ်ခု လဲလှယ်ပေးမှာဖြစ်ပါတယ်။ သုံးစွဲသူအမှားကြောင့် ပျက်စီးမှုများကိုလဲ အကောင်းဆုံးဖြစ်အောင် ပြန်လည် ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

Q - အသေးစိတ်သိချင်ရင် ဘယ်ကို မေးရမလဲ...
A - www.facebook.com/www.maungpauk.org ကို Add ပြီး Facebook ပေါ်က မေးနိုင်သလို 09440225635 နဲ့ 09974701800 ကို ဖုန်းဆက်မေးလို့ရပါတယ်။.



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် ဈေးမီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်းအားလုံး မီးလောင်ဆုံးရှုံး

Posted on Monday, November 7, 2016 No comments

နမ့်လန်ကျေးရွာရှိ စည်ပင်သာယာဈေး မီးလောင်ကျွမ်းနေစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် နိုဝင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲခန့်က နမ့်လန်ကျေးရွာရှိ စည်ပင်သာယာဈေး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် နမ့်လန်ကျေးရွာ စည်ပင်သာယာဈေးရှိ ဈေးဆိုင်ခန်းအားလုံး မီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။

“မီးလောင်တဲ့အချိန်က ဈေးလည်းပိတ်ပြီးပြီ။ ဈေးတံခါးတွေလည်း အကုန်လုံးသော့ခတ်ပြီးပြီ။ ဈေးအလယ်လောက်ကနေ စလောင်တာပေါ့။ မီးလောင်မှုကို ငြှိမ်းသတ်ဖို့ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နောင်မွန်ကနေ မီးသတ်ကားတွေလာပြီး ငြှိမ်းသတ်ကြပါတယ်။ ဈေးဆိုင်ခန်းတွေ တစ်ဈေးလုံးလည်း အကုန်လုံး လောင်သွားပါတယ်။ ဘေးအိမ်တွေကိုတော့ မီးမကူးပါဘူး” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်က ပြောကြားသည်။

“ဈေးရဲ့ လေးဖက်လေးတန်က မီးလောင်ကျွမ်းနေတဲ့အရာတွေကို ဘူဒိုဇာနဲ့အထဲက တွန်းပို့နေတယ်။ ဘေးပတ်ဝန်းကျင်ကို မီးမကူးနိုင်အောင်လို့။ ညနေ ၆ နာရီခွဲလောက်ကနေ မီးစလောင်တာ။ ည ၈ နာရီခွဲထိကို မီးတောက်တွေက တဟုန်းဟုန်းတက်နေတုန်း။ ၉ နာရီခွဲလောက်ရောက်မှ မီးတောက်ကြီးက ကျသွားတယ်။ စိတ်ချရတဲ့ အနေအထား ဖြစ်သွားတယ်။ ဈေးအလယ်မှာတော့ လောင်နေတုန်းပဲ။ ဘေးပတ်ဝန်းကျင်အိမ်တွေကို မလောင်နိုင်တော့ပါဘူး။ အိမ်တွေကတော့ တစ်အိမ်မှ မီးမကူးပါဘူး။ တခြားမြို့က မီးသတ်ကားတွေ ရောက်လာမှပဲ မီးကိုနိုင်သွားတာ။ ဆိုင်ခန်းပေါင်းက ၃၀၀ ကျော်ရှိပါတယ်။မီးစလောင်တာက ဈေးအလယ်ကောင်ကနေ စပြီးလောင်တာပါ” ဟု နမ့်လန်ကျေးရွာမှ စိုင်းဆမ်လင်းက ဆိုသည်။

နမ့်လန်ကျေးရွာသည် ရပ်ကွက် (၁၁) ရပ်ကွက်နှင့် အိမ်ခြေပေါင်း ၄၀၀၀ ကျော်ရှိပြီး ယခုမီးလောင်ကျွမ်းသွားသော နမ့်လန်ဈေးသည် ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော် ခန့်ရှိကြောင်း သိရသည်။
Writer: ထွန်းနေလှိုင် (နောင်ပိန်)

Eleven Media Group
http://www.news-eleven.com/



ဗြိတိန်နိုင်ငံသားအသတ်ခံရမှု သံသယရှိသူ လွတ်မြောက်

Posted on No comments

ဗြိတိန်နိုင်ငံသားအသတ်ခံရမှု ဖြစ်ခဲ့သည့် နေအိမ် (MOI)

ရန်ကုန်မြို့လယ်ရှိ နေအိမ်တိုက်ခန်းတခုအတွင်း ဗြိတိန်နိုင်ငံသားတဦး အသတ်ခံရမှုအတွက် သံသယရှိသူဟာ ထိုင်းနိုင်ငံကို ထွက်ခွာသွားပြီး၊ သူ့ကို ဖမ်းမိဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။ သံသယနဲ့ အလိုရှိနေသူဟာလည်း ဗြိတိန်နိုင်ငံသားဖြစ်ပြီး၊ သူတို့နှစ်ဦးစလုံးဟာ ရန်ကုန်မြို့ နိုင်ငံတကာကျောင်းတကျောင်းက ကျောင်းဆရာတွေဖြစ်ကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မမေခက သတင်းပေးပို့ထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့လယ်က ၃၉ လမ်း အလယ်ဘလောက် ပထမထပ် တိုက် ခန်းတစ်ခန်းမှာ ဗြိတိန် နိုင်ငံသားတစ်ဦးသတ်ခံခဲ့ရပါတယ်။ နိုင်ငံတကာကျောင်းတခုမှာ ဆရာအနေ နဲ့လုပ်ဆောင်နေတဲ့ သေဆုံးသူဟာ သာကေတမြို့နယ်၊ မြခွာညိုအိမ်ရာမှာ နေထိုင်သူတဦးပါ။ သေ ဆုံးခဲ့တဲ့ နေအိမ်ကတော့ သေဆုံးသူသူငယ်ချင်း ဗြိတိန်နိုင်ငံသားတဦး နေထိုင်တာ ဖြစ်ပြီး လက်ရှိ ချိန်မှာတော့ အိမ်ပိုင်ရှင် ဖြစ်တဲ့ သေဆုံးသူရဲ့ သူငယ်ချင်းဟာ ထိုင်းနိုင်ငံကိုထွက်ခွာသွားတာကြောင့် သူ့ကို သံသယ ရှိဆုံးသူအနေနဲ့ ရဲတပ်ဖွဲ့က သတ်မှတ်ထားပါတယ်။

ကျောက်တံတား စခန်းမှုး ဦးတိုးမြို့က လက်ရှိစစ်ဆေးနေမှုကိုပြောပြတာပါ။

“သေဆုံးတဲ့ သူရဲ့အမျိုးသမီးကလည်း အဲဒီလူကို အမှုဖွင့်ထားတယ်။ ဖွင့်ထားတော့ကျနော်တို့က ဆက်ပြီးတော့ စုံစမ်းတာပေါ့။ သူကလည်း အဲဒီနေ့က ၄ ရက်နေ့ညက အတူတူသောက်စားပြီး ၊ ၅ ရက်နေ့မနက်မှာ အိမ်ကိုရောက်တယ် အဲဒီမှာလည်း သောက်စားပြီးတော့ ၅ ရက်နေ့ညနေကပဲ ထွက်သွားတာ။ ကျနော်တို့ ဆီသတင်းပို့တာ ၆ ရက်နေ့မှ သိတာလေ မနေ့က မှသိတာပါ။ သူထွက်သွားတဲ့အကြောင်းကို ကျနော်တို့တောင်မှ ဆင့်ကဲဆင့်ကဲတင်ပြပြီးတော့ သူ့ကို ဖမ်းဖို့ တင်ပြထားရတာပေါ့။ အခုက ဒီနိုင်ငံထဲမှာ မရှိတော့ဘူး မနေ့က ထွက်သွားပြီဆိုတော့ ၅ ရက်နေ့ကတည်းက ထွက်သွားတာလေ။ တခြားသံသယရှိတဲ့လူတွေ တခြားတော့ ပေါ်တာမရှိသေးပါဘူး။ လောလောဆယ် လက်တလောကတော့ သူပဲရှိနေတာ။ တရားလိုကိုယ်တိုင်ကလည်း သူ့ကို direct စွပ်စွဲတာပေါ့ ကျနော်တို့လည်း တင်ပြပြီးတော့ ဆောင်ရွက်စဲပါပဲ။”

သေဆုံးသူနာမည်ကတော့ Mr. Peter Gary Ferguson ဖြစ်ပြီး သံသယရှိသူ နာမည်ကတော့ Mr. Harris John Italo Binotti ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ သံသယရှိတဲ့ မစ္စတာ ဟယ်ရီကို ဖမ်းနိုင်ဖို့ ကဒီနိုင်ငံထဲက ထွက်ခွာ သွား တာကြောင့် နိုင်ငံတကာရဲတပ်ဖွဲ့ကို အကြောင်းကြားထားပြီး ဆက်လက်အမှုကို စိစစ်နေဆဲဖြစ်ပါတယ်။

ကျောက်တံတား စခန်းမှုး ဦးတိုးမြို့က ပြောပြချက်အရကတော့ အခင်းဖြစ် တိုက်ခန်းနေ နိုင်ငံခြားသားမှာ သေဆုံးသူ ဗြိတိန်နိုင်ငံသားနဲ့နောက်ဆုံးအတူရှိခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ ရှိ International School တစ်ခုမှာ အတူတကွ ကျောင်းဆရာအဖြစ် အလုပ်လုပ်ကိုင် နေသူဖြစ်တယ်လို့ စစ်ဆေးတွေ့ရ တယ်လို့ပြောပါတယ်။ သေဆုံးသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ရက်နေ့ညပိုင်းက အခင်းဖြစ် တိုက်ခန်းနေ နိုင်ငံခြားသားနဲ့အတူ အဲဒီအခင်းဖြစ်တိုက်ခန်းမှာ အရက်အတူ သောက်ခဲ့ကြကာ အဲဒီနေရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူကို နိုဝင်ဘာ ၆၇က်နေ့မှ အဲဒီတိုက် ခန်းမှာ သေဆုံးနေတာတွေ့ရတာပါ။ သေဆုံးသူရဲ့ အတူနေ နိုင်ငံခြားသားအမျိုးသမီးကတော့ သူမယောက်ကျား သေဆုံးမှု နဲ့ပတ်သတ်ပြီး တိုက်ခန်းနေဗြိတိန်နိုင်ငံခြား သား ကို နိုဝင်ဘာ ၆၇က်နေ့ မှာဘဲ သေဆုံးမှုနဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

သံသယရှိသူမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းက လေကြောင်းလိုင်း တစ်ခုနဲ့ ထိုင်းနိုင်ငံကို ထွက်ခွာသွား တယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း )
http://burmese.voanews.com/

လားရှိုးမြို့တွင် ဖခင်ဖြစ်သူက သားသမီးငါးဦးအား ဓားဖြင့်လှီးသတ်သဖြင့် နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရ

Posted on No comments


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဖခင်ဖြစ်သူမှ မိမိ၏ သားသမီးငါးဦးအား ဓားဖြင့်လှီးသတ်သဖြင့် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီခန့်တွင် လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ (၄)၊ ချယ်ရီလမ်းနေ အိုက်ကျုံး (ခ) အိုက်ကျွမ်း (၃၇)နှစ်သည် မိမိ၏ သားသမီး ငါးဦးအား ဓားဖြင့်လှီးသတ်သဖြင့် ကလေးငါးဦးအနက် မောင်ဆွေလောင်း (လေးနှစ်) တွင် ယာကုပ် ပြတ်ရှဒဏ်ရာ၊ မောင်ဆိုင်မိန်း (နှစ်နှစ်) တွင် လည်ပင်းဝဲဘက် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မောင်ညီနပ် (ငါးနှစ်)၊ မရယ်လင်း (ခုနစ်နှစ်) လည်ပင်း ပြတ်ရှဒဏ်ရာ၊ မရေးကပ် (ကိုးလ) တွင် ပါးစပ် ဓားဒဏ်ရာများ ရရှိခဲ့သည်။

“ဦးအိုက်ကျုံးက ကလေးတွေနဲ့ သူ့မိန်းမကို အိပ်ကြရအောင်ဆိုပြီး အိပ်ခန်းထဲမှာ ခေါ်သွားပြီး အိပ်မယ်လို့ပြောတယ်။ နောက်သူက ဓားကိုထုတ်ယူနေတဲ့အချိန် သူ့မိန်းမက အကူအညီတောင်းဖို့ တစ်အိမ်ကျော်က သူ့မောင်လေးအိမ်ကိုပြေးပြီး သွားအကူအညီတောင်းတာ။ ပြေးပြီးသွားခေါ်တဲ့အချိန်မှာ ကလေးတွေကို ဓားနဲ့ လှီးထားတာ။ သမီးနှစ်ယောက်နဲ့ သားလေးယောက်ရှိတာ။ စုစုပေါင်း ရှစ်ယောက်ရှိတဲ့ထဲက သားအကြီးဆုံးက သူ့အဘိုးအိမ်မှာသွားနေတော့ လွတ်သွားတာ။ ဒီအိမ်မှာနေတာက သူတို့လင်မယားရယ် သားသမီး ငါးဦးရယ် စုစုပေါင်း ခုနစ်ယောက်နေတာပါ။ ဦးအိုက်ကျုံးက အရင်ကပန်ဆန်းဘက်မှာ ပန်းရန်သွားလုပ်တယ်။ အခုပြန်လာတာ သိပ်တော့ မကြာသေးဘူး” ဟု တစ်ရပ်ကွက်ထဲနေ အိမ်နီးချင်းဖြစ်သူ ဒေါ်ယေ့ကားက ပြောကြားသည်။

ဦးအိုက်ကျုံးသည် မိမိ၏ သားသမီး ငါးဦးအား ဓားဖြင့်လှီးပြီး မိမိကိုယ်မိမိလည်း ဓားဖြင့် လည်ပင်းလှီးသဖြင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ရရှိထားကာ လားရှိုး ပြည်သူ့ဆေးရုံကြီး ခွဲစိတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ကလေးများအား သေဆုံးအောင်နှင့် ဒဏ်ရာ ရရှိအောင်ပြုလုပ်သူ အိုက်ကျုံး (ခ) အိုက်ကျွမ်း (၃၇) နှစ်အား လားရှိုးမြို့မ ရဲစခန်းတွင် (ပ) ၄၃၆/၁၆၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂/၃၂၆ အရ စစ်ဆေးလျက်ရှိကြောင်း သိရသည်။      
Writer: ထွန်းနေလှိုင် (နောင်ပိန်)

Eleven Media Group
http://www.news-eleven.com/

ဖားကန့် မိုးကောင်းလမ်း ယာယီပိတ်ထားလိုက်ပြီ

Posted on No comments


ကချင်ပြည်နယ် ဖားကန့်ကျောင်စိမ်းတွင်းကို သွားတဲ့ မိုးကောင်း-ဖားကန့် လမ်းကို ၇.၁၁.၂၀၁၆ နေ့ နံက် ၁၁:၃၀ အချိန်က စပြီး လမ်းကို ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။

ဘာကြောင့် ခုလိုလမ်းတွေ ပိတ်လိုက်ရတယ်ဆိုတာကို “ ဖားကန့်မြို့နဲ့ (၁၄) ခန့်ဝေးတဲ့ တံတားညီနောင် ရွာနဲ့ ပျားအုံကြားမှာ ၇.၁၁.၂၀၁၆နေ့ နံက် ၇:၀၀နာရီလောက်က KIA အယောက် (၂၀) လောက်က ဖားကန့် မိုးကောင်း အတက်အဆင်း ကားတွေကို ငွေကောက်နေတယ်လို့သိရတယ်ဗျ ။ဒါကြောင့် နန့်ယား နဲ့ နန့်တိမ်းမှာရှိတဲ့ စကခ ( ၇) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်တွေက လမ်းကိုယာယီ ပိတ်ထားလိုက်တာပါ ”လို့ ဖားကန့်မြို့ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတဦးက ပြောပြခဲ့ပါတယ်။

ခရီးသည်တင်လိုင်းကားတစ်စီးကို ငါးသောင်းနှုန်း KIA မှ ကောက်ခံနေတာလို့လည်း သိရပါသည်။

“KIA က ပိုက်ဆံကောက်တာက ကျောက်ဖျာနဲ့ ငါမိုင်ကြားမှာ ကောက်တာဗျ။ ခရီးသည်တင်ကားတွေတော့ တစ်စီး ငါးသောင်းနှုန်း ကောက်တာဗျ။ကုန်ကားတွေတော့ တစ်သိန်းကျော်မယ်ထင်တယ်ဗျ အဲဒါတော့အတိအကျမသိဘူး”လို့ အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့မှ လိုင်းကားမောင်းသူတဦးက ပြောပါတယ်။

ဖားကန့် မိုးကောင်းလမ်းတလျှောက်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ စစ်ပွဲများ စတင်ဖြစ်ပွားချိန်၂၀၁၂ မှ စတင်ပြီး ဖားကန့် မိုးကောင်း လမ်ကြောပေါ်တွင် ပြေးဆွဲနေသော မော်တော်ယဉ် မျိုးစုံကို KIA မှ ရံဖန်ရံခါ ငွေကြေးကောက်ခံတာမျိုးတွေ ရှိနေခဲ့ပြီး မြန်မာစစ်တပ်မှလည်း လုံခြုံရေးအကြောင်းပြကာ ကာမိုင်း မြို့အဝင် နှင့် နန့်တိမ်း ကျေးရွာတို့ မော်တော်ယဉ်မျိုးစုံအပေါ် နေ့စဉ် ငွေကြေးကောက်ခံတာတွေလည်း ရှိကြောင်း သိရပါတယ်။

ယခုလို မော်တော်ကားလမ်းများ ပိတ်ဆိုတာနဲ့ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူတွေနဲ့ ကွင်းဆင်းတွေ့ဆုံရန် သွားရောက်ရင်း လမ်းကြောတွင် ပိတ်မိနေသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအား ဆက်သွယ်မေးမြန်းခဲ့ရာ “ဟုတ်တယ် ငါ့ညီရေ။ အကိုက ဂေါ်ရီမှာ လူထုနဲ့တွေ့ဆုံပွဲ လုပ်ပြီးပြန်ခဲ့တာ ခုကာမိုင်းမှာ ပိတ်မိနေပြီ ။ကိုလှဆိုင်း ( ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလှဆိုင်း ) က နန့်ယားမှာ ပိတ်မိနေတယ် "လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ နန့်ယားကျေးရွာတွင် ပိတ်မိနေသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလှဆိုင်းကို လက်ရှိအခြေအနေကို သိရှိနိုင်ဘို့ ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး ။

ဇော်မိုးထက်

News Watch ( စောင့်ကြည့်သတင်းဂျာနယ် )
https://www.facebook.com/NewsWatchJournal/

မစင်ကို လောင်စာဆီအဖြစ် ပြောင်းလဲနိုင်ပြီဟုဆို

Posted on No comments


ဝါရှင်တန်၊ နိုဝင်ဘာ ၆

လူသားတို့ စွန့်ထုတ်လိုက်သည့် မစင်များကို အနာဂတ်တွင် လောင်စာဆီအဖြစ် ပြန်လည်အသုံးပြုနိုင်မည့် နည်းကို အမေရိကန်ပြည်ထောင်စုမှ ပညာရှင်များက ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

မစင်ကို လောင်စာဆီအဖြစ် ပြောင်းလဲခြင်းအား  အမေရိကန်ပြည်ထောင်စု Pacific Northwest National Laboratory စွမ်းအင်ဌာနမှ ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

လူသားမစင်ကို ရေနံကဲ့သို့သော လောင်စာဆီ ဖြစ်စေရန် ပြုလုပ်သည့်စနစ်မှာ မြေလွှာထဲတွင် လောင်စာဆီများကို ဖိအားပေးပြီး ရေနံကဲ့သို့ ဖြစ်စေရန် ဆောင်ရွက်သည့်အတိုင်း ဖြစ်ကြောင်း၊ ယင်းနည်းစနစ်ကို hydrothermal liquefaction နည်းဟု ခေါ်ကြောင်း ပညာရှင်များက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုတွင်ပင် နေ့စဉ် မစင်ပေါင်း ၃၄ ဘီလီယံ ဂါလန်ခန့် စွန့်ထုတ်နေရကြောင်း၊ ယင်းပမာဏကို လောင်စာဆီအဖြစ် ပြန်ချက်မည်ဆိုလျှင် လောင်စာစည်ပေါင်း သန်း ၃ဝ ခန့် ရနိုင်သဖြင့် အနာဂတ်လောင်စာ အတွက် များစွာ အကျိုးပြုနိုင်ကြောင်း ပညာရှင်များက ပြောကြားသည်။

လူသားတို့ စွန့်ထုတ်လိုက်သော မစင်များကို အပူချိန်မြင့်မားစွာ ပေးပြီးနောက် ဖိအားဖြင့် ထိန်းချုပ်ခြင်းဖြင့် လောင်စာအဖြစ် အမြန်ဆုံး ထုတ်ယူနိုင်သည့် စနစ်တစ်ခုအဖြစ် ပညာရှင်များက ဖော်ထုတ်ပြသနိုင်ခဲ့သည်။

မစင်များကို တစ်လက်မပတ်လည်လျှင် ပေါင် ၃ဝဝဝ ခန့်အထိ သက်ရောက်စေနိုင်သော ဖိအားကို ပေးပြီးလျှင် အပူချိန်မှာလည်း ၆၆ဝ ဒီဂရီ ဖာရင်ဟိုက်အထိ ပေးနိုင်မှသာ လောင်စာဆီအဖြစ် ကုန်ကြမ်းကို ထုတ်နိုင်မည်ဖြစ်သည်။

လူသားတို့၏ မစင်များကို အနှစ်အဖြစ် ထုတ်ယူကာ လောင်စာဆီအဖြစ် ပြန်ချက်နိုင်ရုံမက ပြုပြင်ထားသည့် အနှစ်များကို ဇီဝမြေသြဇာအဖြစ် စိုက်ခင်းများတွင် အသုံးပြုခြင်း၊ ဓာတုဆေးများဖြင့် ရောစပ်ပြီး အခြားစွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုနိုင်ခြင်းတို့ကို ပညာရှင်များက ဖော်ထုတ်ပြသနိုင်ခဲ့ကြသည်။

လူတစ်ယောက် စွန့်ထုတ်လိုက်သည့် မစင်အညစ်အကြေးများသည် တစ်နှစ်လျှင် လောင်စာဆီ နှစ်ဂါလန်မှ သုံးဂါလန်အထိ ထုတ်ယူနိုင်ပြီး၊ မစင်တွင် ပါဝင်သည့် ဖော့စဖော့ရပ်ကို သီးခြားထုတ်နိုင်လျှင် အနာဂတ်တွင် သီးခြားတွင်းထွက်တစ်ခု အနေနှင့် ထုတ်ယူရန်ပင် မလိုတော့ပေ။

လူတို့အသုံးပြုသည့် အိမ်သာသုံး စက္ကူများကလည်း မစင်များကို အနည်အနှစ် လုပ်ရာတွင် အထောက်အကူပေးရုံမက လောင်စာဆီချက်ရာတွင်ပါ များစွာ အကျိုးသက်ရောက်ကြောင်း၊ မစင်ထုတ် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် လေယာဉ်ဆီများကို မကြာသောကာလတွင် ဈေးကွက်ဝင်စေရန် ထုတ်နိုင်တော့မည်ဖြစ်ကြောင်း AP သတင်းတွင် ရေးသားထားသည်။

The Voice
http://thevoicemyanmar.com/

တောင်ကြီးမြို့ မဲသောင်းကျေးရွာ၌ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မကျင့်မှု ဖြစ်ပွား

Posted on No comments
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စု မဲသောင်းကျေးရွာတွင် အသက် (၆) နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူဈေးဝယ်သွားစဉ် နေအိမ်အနီးနေထိုင်သူက အဓမ္မပြုကျင့်ပြီး ပစ်ထားခဲ့မှု ဖြစ်ပွားကြောင်း မြို့မရဲစခန်းမှ သိရသည်။

“ဒီလိုအရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် သေချာစောင့်ရှောက်ဖို့ အရမ်းလိုအပ်ပါတယ်။ အမေတွေက ဈေးတွေသွားချိန်မှာဆိုလည်း တကယ့်စိတ်ချရတဲ့သူရဲ့ လက်ထဲအပ်ခဲ့ပါ။ တစ်ယောက်တည်း ကလေးကို အိမ်မှာ မပစ်ထားပါနဲ့။ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်”ဟု အမှတ် (၁) တောင်ကြီး မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်ဇော်ထွန်းက Tachileik News Agency သို့ ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ (၄) ရက်နေ့က သားသမီး သုံးဦးအား နေအိမ်အလုပ်သမားတန်းလျားတွင် ဆော့ကစားခိုင်းပြီး  မိခင်ဖြစ်သူက ဈေးသွားဝယ်စဉ် တဝန်းထဲနေ ကျော်အောင် (၃၄) နှစ်က ဆော့ကစားနေသော ကလေးငယ်များ အနက် အသက် (၆)အရွယ်ကလေးငယ်အား မုန့်ကျွေးမည်ဟု ခေါ်ဆောင်သွားကာ ကျေးရွာအနောက်ဘက် ပဲစိမ်းငုံခင်းအနီး ရေမြောင်းအတွင်းခေါ်၍ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။

ကလေးငယ်ပျောက်ဆုံး၍ ကျေးရွာမှလိုက်ရှာရာ ရေမြောင်းအတွင်း ကော်ဇောဖျာစုတ်ဖြင့် ပတ်ထားလျှက် မိန်းမကိုယ်အင်္ဂါအတွင်းမှ သွေးထွက်နေပြီး သတိလစ်နေသည့် မိန်းကလေးအားတွေ့ရှိရ၍ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံမှ ဆေးစစ်ချက်ယူကာ အမျိုးသမီးဆေးရုံနှင့် ကလေးဆေးရုံသို့ ပို့ဆောင် ကုသလျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျော်အောင်အား နယ်မြေရဲစခန်းတွင် (ပ)၅၄၄/၂၀၁၆ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၃ /၃၇၆ ဖြင့်  အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သတင်း - နိုနို
Tachileik News Agency
http://www.tachileik.net

စစ်တွေ ဒကစ လက်နက်တိုက်တွင် ပေါက်ကွဲမှုဖြစ်

Posted on No comments


စစ်တွေ၊ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (စစ်တွေ) ၏ ဋ္ဌာနချုပ်ဗဟိုကင်းတွင် ယနေ့ (နိုဝင်ဘာ ၇ ရက်) မွန်းလွဲ ၁၂ နာရီခွဲက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးအဆင့်ရှိ တပ်မတော်အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။

ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဗဟိုကင်းရှိ လက်နက်များ ထားရှိသည့် ယမ်းတိုက်မှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံများကြောင့် မီးသတ်ကားများ မွန်းလွဲ ၁ နာရီကျော်တွင် ဝင်ရောက်ငြှိမ်းသတ်နိုင်ခဲ့သည်။

“ပေါက်ကွဲသံတွေ ဆက်တိုက်ဘဲ ငါးကြိမ်လောက် ကြားလိုက်ရတယ်။ တော်တော်အသံကျယ်တယ်။ မီးသတ်ကား လေးစီးလည်း ပေါက်ကွဲမှုတွေကြောင့် ဘယ်သူမှ ဝင်လို့မရဘဲ မွန်းလွဲ ၁ နာရီလောက်ကမှ ဝင်လို့ရတယ်” ဟု ယင်းအနီးတွင် မျက်မြင်တွေ့ရှိခဲ့သည့် စစ်တွေဒေသခံ တစ်ဦးက ပြောကြားသည်။

လက်နက်များ ထားရှိသည့် အခန်းများထဲမှ အခန်းတစ်ခန်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ယခုကဲ့သို့ ပေါက်ကွဲမှုမှာ ပြင်ပပယောဂကြောင့် မဟုတ်ဘဲ ရာသီဥတု ပြောင်းလဲမှုကြောင့် ပေါက်ကွဲခြင်း ဖြစ်နိုင်ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းကို အတိအကျ မသိရှိရသေးသော်လည်းနှင့် ဒကစ ရဟတ်ယာဉ်ကွင်း အတွင်းမှ ရဟတ်ယာဉ်များကို ယာယီပြောင်းရွေ့ခဲ့ရကြောင်း ဗိုလ်မှူးအဆင့်ရှိ တပ်မတော်အရာရှိက ဆိုသည်။

ပေါက်ကွဲမှု ဖြစ်ပွားရခြင်းနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

The Voice
http://thevoicemyanmar.com/

တရုတ်ကုမ္ပဏီကို ကျောက်ဖြူဒေ သခံတွေ ဆန္ဒပြ

Posted on No comments
ပျက်စီးသွားတဲ့လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ ကျောက်ဖြူမြို့ဒေသခံတွေ နိုဝင်ဘာလ ၆ ရက်နေ့ကဆန္ဒပြတောင်းဆိုနေစဉ်။ Photo: KRDA/ Facebook
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ် ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ တရုတ် ကုမ္ပဏီဖြစ်တဲ့ CNPC ရုံးရှေ့မှာ ဒေသခံ ၁၀၀ ကျော်က မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပျက်စီးသွားတဲ့လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ နှုတ်ကတိပေးထားတာတွေရှိပေမယ့် လက်တွေ့မှာ ဘာမှလုပ်ဆောင်ပေးတာမရှိတဲ့အတွက် အခုလိုတောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်ကြည် ကြည်နှင်းကပြောပါတယ်။

ဆန္ဒပြသူတွေဟာ ပိုက်လိုင်းမြေယာမြေအရေးဖြေရှင်းပေး၊ CNPC ကုမ္ပဏီထွက်သွား၊ ဒေသခံတွေရဲ့ အခွင့်အရေး ကို လေးစားပါစတဲ့ စာတန်းတွေပါတဲ့ ဗီနိုင်းပိုစတာတွေကိုင်ဆောင်ပြီး CNPC ရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြတာဖြစ် ပါတယ်။

ဆန္ဒပြတောင်သူတွေဟာ ကျောက်ဖြူမြို့နယ် ဂုံးချွိန်၊ အုန်းတော၊ လိပ်ခမော်စတဲ့ကျေးရွာတွေက ဖြစ်ပါတယ်။

မလကျွန်းကနေ မဒေးကျွန်းဘက်ကိုသွယ်တန်းထားတဲ့ ပိုက်လိုင်းကြောင့် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မိုးရာသီလောက် ကစပြီး ပိုက်လိုင်းဝဲယာမှာရှိတဲ့ လယ်ယာမြေတွေကို ရွှံ့နွံတွေဖုံးလွှမ်းပြီး ပျက်စီးခဲ့တာပါ။

CNPC ကုမ္ပဏီက အဲဒီပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးတွေကို ၂၀၁၄ ခုနှစ်ထိပေးခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ သီးနှံလျော်ကြေးငွေပေးတာကို ရပ်ဆိုင်းခဲ့ပါတယ်။

အဲဒီနောက် CNPC ကုမ္ပဏီက လယ်ယာမြေတစ်ဧကကို ကျပ်သုံးသိန်းကျော်နဲ့ ၅ နှစ်စာအတွက် ၁၇ သိန်းကျော် ကို အပြီးသတ်တစ်ခါတည်းပေးပြီး အသင့်ပါလာတဲ့ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးခိုင်းတာတွေရှိခဲ့ တာကြောင့် တောင်သူ ၂၀ ကျော်က အဲဒီအစီအစဉ်ကို ငြင်းဆန်ပြီး လယ်ယာမြေတွေကိုသာ နဂိုအတိုင်းပြန် လည်ပြုပြင်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့အတွက် CNPC ရုံးရှေ့မှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကလည်း ဒေသခံတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အဲဒီတောင်းဆိုချက်တွေနဲ့ပဲ မနေ့က ဒုတိယအကြိမ်မြောက် ထပ်မံဆန္ဒပြတောင်းဆိုကြ တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရခိုင်တွင် တပ်မတော်သားများက အရပ်သားများကိုတိုက်ခိုက်ချေမှုန်းသည်ဆိုသည့် စွပ်စွဲချက် အထောက်အထားမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Posted on Saturday, November 5, 2016 No comments

 


ဂျပန်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က အရပ်သားများကို တိုက်ခိုက်ချေမှုန်းနေသည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ သက်သေအထောက်အထားမရှိကြောင်း နိုဝင်ဘာ ၄ ရက်နေ့က ပြောသည်။

“ဘယ်အရာအတွက် ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာပြောဖို့ ပြည့်စုံလုံလောက်တဲ့အထောက်အထားမရှိဘဲ ဘယ်သူ့ကိုမှ မစွပ်စွဲမိဖို့ ကျွန်မတို့က အင်မတန် ဂရုစိုက်ပါတယ်။ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကျွန်မတို့ စုံစမ်းမယ်။ လုပ်ထုံးလုပ်နည်းများအတိုင်း တရားဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ဂျပန်အမျိုးသားစာနယ်ဇင်းကလပ်၌ သတင်းစာဆရာများနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

မြန်မာနိုင်ငံအခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်အချို့လည်း ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့ထံမှ အစီရင်ခံစာများထွက်ရှိလာမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုသည်။

“ဒီအစီရင်ခံစာကို လေ့လာဖတ်ရှုပြီးရင် အဲဒီ(ရခိုင်ပြည်နယ်)မှာ ဘာတွေဖြစ်နေသလဲဆိုတာနဲ့ပတ်သက်လို့ ပိုပြီးဘက်မျှတဲ့ အတွေးအမြင်တွေကို ရရှိပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ဘင်္ဂါလီလက်နက်ကိုင်များက မောင်တောမြို့နယ်အတွင်းရှိ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်) ကို အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်မှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ ဘင်္ဂလီအမျိုးသမီးများ အဓ္ဓမပြုကျင့်ခံရသည်ဆိုသော အထောက်အထားမဲ့သတင်းများကို သတင်းဌာနအချို့က ရေးသားဖော်ပြခဲ့သည်။

ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms Renata Dessalien အပါအ၀င်၁၀ ဦးပါ နိုင်ငံတကာသံတမန်အဖွဲ့သည် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၂ ရက်နေ့တွင် သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့က ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် အဆိုပါဖြစ်စဉ်များ နှင့်ပတ်သက်၍ ခိုင်လုံသော အထောက်အထားမတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

News Watch ( စောင့်ကြည့်သတင်းဂျာနယ် )
https://www.facebook.com/NewsWatchJournal/

Don't Miss